poemtopia

poem is mylife

ဂျူး

Posted by ဖိုးဂျယ် On August - 9 - 2010 2 COMMENTS Subscribe here

သူမကို ဂျူးဝတ္ထူထဲက ဇာတ်ကောင်အဖြစ်
ကျွန်တော်က ကောက်ချက်ချတယ်။
ဂျူးဝတ္ထူ ဖတ်နေတဲ့ သူမက
ဘာတွေ ရေရတ်နေတာလဲဆိုတော့
ကျွန်တော် သူမကို ပြုံးပြလိုက်မိတယ် ထင်တယ်။

မိုးတနေ့တာ

Posted by ဖိုးဂျယ် On August - 6 - 2010 4 COMMENTS Subscribe here

စာရေးဖို့ အာရုံ လုံးဝ မလာတဲ့အတွက် လာလည်တဲ့ ကိုကို မမ ညီမတွေကို ကျေးဇူးပါ

း)

ခင်မင်လျှက်

ဖိုးဂျယ်

“နောင်ထွက်မည့် မိုက်ခရိုဆော့ဝင်းဒိုး OS များတွင် မြန်မာဘာသာ အသုံးပြုရရန် ထည့်သွင်းပေးပါ” ဟု ကမ္ဘာအရပ်ရပ်မှ မြန်မာ ပြောဆို / ရေးသားသူ ကျွန်ုပ်တို့အားလုံးမှ တညီတညွတ်တည်း တောင်းဆိုပါကြောင်း အောက်တွင် လက်မှတ်ရေးထိုးပါသည်။

လေးစားစွာဖြင့်…

Dear Mr Bill Gates and Mr Steve Ballmer,

We, the users of Myanmar (Burmese) language around the world, here by sign this petition, requesting Microsoft Corporation “to include Myanmar Language support in the next updates of all Microsoft Windows Operating Systems”.

Sincerely,

This link >>> Petition Myanmar

မျက်ချေး

Posted by ဖိုးဂျယ် On July - 5 - 2010 2 COMMENTS Subscribe here

အို . . . . အသင် လူသား . . . .

အသင့်ကိုယ် အသင် မှန်ထဲ ပြန်ကြည့်ကာ

မျက်ချေးတွေ သုတ်သင်လော . . . .

မင်္ဂလာဈေးမီးလောင်မှု

Posted by ဖိုးဂျယ် On June - 27 - 2010 ADD COMMENTS Subscribe here

၂၄.၀၅.၂၀၁၀့ နံနက် ၈:၂၀ခန့် တွင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေး၊ ပင်မဈေးရုံ စတုတ္ထထပ်တွင် ဆေးဝါးနဲ့ပရိဘောဂတွေ ရောင်းသော အထပ်မှ ဆေးပစ္စည်းရောင်းသည့် ဆိုင်ခန်းအမှတ် (၈၀/၈၁) နှစ်ခန်းတွဲမှ ၀ါယာရှော့ဖြစ်ကာ စတင်မီးလောင်သည်။ မီးလောင်ပြီး ၁၀ မိနစ်ခန့် ကြာသောအခါ ဈေးခေါင်မိုးပေါ်မှာ လူ၁၁ဦးခန့်  ပိတ်မိနေသောကြောင့် မီးသတ်သမားများက အသက်ကယ်လှေခါးဖြင့် ကယ်တင်နိုင်တာကို တွေ့ရှိခဲ့ရသည်။

မီးသည်  ည ၉ နာရီ ဆက်လက် တောက်လောင်နေဆဲဖြစ်ပြီး မီးသတ်သမား ၂၀ ကျော် ဒဏ်ရာရတယ်ဟု သတင်းရရှိပါသည်။ အဆိုပါမီးလောင်မှုဖြစ်စဉ်ကို ရန်ကုန်မြို့နှင့် ပဲခူးတိုင်းတို့မှ မီးသတ်ယာဉ် အစီး ၇၀ ၀န်းကျင်နှင့် မီးသတ်အင်အား ၁၅၀၀ ကျော်တို့ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း သိရှိရသည်။

မင်္ဂလာဈေးကဲ့သို့သော ဈေးအချို့သည် မီးသတ် စနစ် လုံးဝ မပါရှိသလို မီးလောင်ရင်လဲ ငြိမ်းသတ်ရန် မလွယ်သော အခြေနေတွေ ဖြစ်ပါသည်။ ယခု မီးလောင်နေသော အခြေနေတွင် မီးသတ်ကားများသည် ဈေးအတွင်းသို့ ဝင်ရောက် ငြိမ်းသတ်ခွင့် မရပဲ လမ်းမပေါ်ကနေ ငြိမ်းနေရသဖြင့် အရာမရောက်သကဲ့သို့ ဖြစ်နေပါသည်။ ထိုအပြင့် ဈေးကြီးရှေ့ရှိ ခိုင်မာသော Billboard ကြီးများကလဲ များစွာအနှောက်အယှက် ဖြစ်စေသည်။ ပတ်ဝန်းကျင်သည်လဲ ဖျက်လွယ် ဖြုတ်လွယ်သော အကာရံများသာရှိသင့်ပြီး အဆောက်ဦး စတင်ဆောက်လုပ်တည်းက မီးငြိမ်းသတ်သော စနစ်တွေ တပ်ဆင်ထားသင့်ပါသည်။ ဥပမာ – Smoke detectors, Heat Detectors, Automatic Sprinkler ect. ( Hose-reel System ) သည်လဲ အဆောက်ဦးတခုတွင် မပါမဖြစ် အရေြးံကီးသည်။ ထိုအပြင် အရေးပေါ်ထွက်ပေါက်၊ မီးသတ်ဗူး စသည်များလဲ ရှိသင့်သည်။

( Fire Hose-reel, အင်တာနက်မှ ကူးယူသည် )

မင်္ဂလာဈေးမီးလောင်မှုမှာ မီးညွန့်အား ထိန်းသိမ်းနိုင်ရန်အတွက် အချိန် နာရီ ၂၀ ၀န်းကျင် ကြာမြင့်ခဲ့သည့်အတွက် အဆိုပါကြာမြင့်ခဲ့သည့် အချိန်မှာ မြန်မာတစ်နိုင်ငံလုံးတွင် မီးလောင်ကျွမ်းမှု ဖြစ်စဉ်များ အနက် အချိန်အကြာဆုံး မီးလောင်ကျွမ်းမှုဖြစ်ခဲ့ကြောင်း သိရှိရသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိ မင်္ဂလာဈေးကြီး မီးလောင်မှုသည် မြန်မာငွေ သိန်းပေါင်း ၂ သိန်း ၁သောင့်းခန့် ဆုံးရှုံးခဲ့သည်။ ထိုဈေးကြီးကို မှီခိုနေသော ဆိုင်ရှင်များနှင့် အလုပ်သမား ထောင်ပေါင်းများစွာအား အခက်ခဲတွေ့စေပါသည်။

” ဒီမီးလောင်ကျွမ်းမှုကို ကျွန်တော်တို့မီးသတ်တပ်ဖွဲ့အနေနဲ့ တော်တော်လေး ခက်ခက်ခဲခဲ မီးထိန်းခဲ့ရပါတယ်။ မေလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ စတုတ္ထထပ်ပဲ လောင်စဉ်အချိန်မှာ မီးထိန်းနိုင်ခဲ့ပြီလို့ ယူဆခဲ့တယ်။ ဒါပေမယ့် မီးက ဆက်လောင်ပြီး အပေါ်ထပ်ကို ကူးသွားပါတယ်။ အပေါ်ထပ်မှာက စားသောက်ဆိုင်တွေ၊ အထည်ဂိုဒေါင်၊ ဆေးဂိုဒေါင်တွေနဲ့ ဂက်စ်အိုးတွေ၊ ဆိုဖာခုံတွေဆီကို မီးကကူးသွားတော့ ၆ နာရီ ၁၅ မိနစ် ၀န်းကျင်အချိန်မှာ မီးကတော်တော်လေး မီးညွန့်ပြန်အရှိန်ရခဲ့ပါတယ်။ အဲဒီအချိန်မှာ စတုတ္ထထပ်မှာ မီးငြိမ်းနေတဲ့ မီးသတ်တပ်ဖွဲ့ တွေတောင် စိုးရိမ်ရလို့အောက်ကို အားလုံးပြေးဆင်းခဲ့ရပါတယ်။ စတုတ္ထထပ်မှာတုန်းက ဆိုင်ခန်းတွေက တစ်ခန်းကို (၅) ပေပတ်လည်ပဲရှိရမယ့် ဟာကို သူတို့တွေက လူသွားလမ်းတွေ အထိပါ တိုးချဲ့ထားတာတွေ့ရတယ်။ ဆိုင်ခန်းတစ်ခန်းနဲ့ တစ်ခန်းမှာ အလူမီနီယံ တံခါးတွေနဲ့ ကာထားတော့ ကျွန်တော်တို့ မီးသတ်တဲ့အခါမှာ ရေက တစ်ဖက်ဆိုင်တွေကို ထိုးမဖောက်ခဲ့ဘူး။ လူသွားလမ်းတွေမှာလည်း အထုပ်အထုပ်ကြီးတွေ၊ ပစ္စည်းတွေကို ထားရှိတော့ ၀င်ထွက်ဖို့ တော်တော်လေး ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ည ၁၁ နာရီခွဲလောက်မှာ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေ စတုတ္ထထပ်ရဲ့တချို့ အခန်းတွေကို ၀င်ခွင့်ရလို့ တော်တော်လေး အခြေအနေကောင်းခဲ့တယ်။ နံနက် ၄ နာရီခွဲ ၀န်းကျင်မှာ မီးညွန့်ကိုထိန်းသိမ်းနိုင်ခဲ့ပါတယ်”ဟု မီးသပ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

ဖိုးဂျယ်

တနေ့သ၌ ကျွန်တော် သဘာပတိသည် ငပေါဂေဟာ၏ စည်ပင်ဝဖြိုးနေသည်ကို သိချင်စိတ်ပြင်းပြ၍ ဂေဟာအတွင်းသို့ round လှည့်ရန် အလို့ငှာ ရုပ်ဖျက်ခြင်း အမှုကိစ္စကို ဂေဟာအကျော်အမော် ဖိုးဂျယ်ဖြင့် တိုင်ပင်ကာ ရုပ်ဖျက်၏။ ဘောင်းဘီချွတ်လိုက်သည်။ သို့သော် တောင်ရှည်ပုဆိုး ကျန်ပါသေးသည်။ ထို့နောက် စီးထားသော တရုတ်ပြည်ထုတ် LV ကို ချွတ်က မနေ့က ဝယ်ထားသော ဖိနပ်တွေထဲက ပုံအတုံးဆုံး LV ခြေညှပ်ဖိနပ်ကို ယူလိုက်သည်။ မည်သူမှ မမှတ်မိစေရန် ရည်ရွယ်၍ ဖိနပ်လဲ စီးကာ ရုပ်ဖျက်လိုက်၏။ တွင်း၂ကို ငတိရုပ်ဖျက်ထားကြောင်း မည်သူကိုမှ မပြောရန် ကြိုတင် အမိန့်ချထားလေသည်။
သို့သော် ညက အရက်မူးကာ ငတိကိုယ်တိုင် မနက်ဖြန် ရုပ်ဖျက်ကာ round လှည့်မည့်အကြောင်းကို အာပေါင် အာရင်း သန်သန်ဖြင့် ပြောထားသောကြောင့် အကုန်လုံး သိနေသည်ကို တွင်း၂က မသိချင်ယောင်ဆောင်ကာ ခေါင်းငြိမ့်ပြီး ငတိ စိတ်ချမ်းသာစေရန် ” ဟုတ်ကဲ့ ” ဟု ပြောလေသည်။ ထို့နောက် ဂေဟာအတွင်းသို့ လှည့်လည် လမ်းသလား ကြ့ည်ရာ မိမိကို မည်သူမှ မမှတ်မိပဲ အံ့အားသင့်သော မျက်နှာတွေဖြင့် ကြည့်နေကြလေသည်။ ကဲ ဘယ်လောက် ရုပ်ဖျက်တာ ပီပြင်လဲ ဟု ဖိုးဂျယ်က ပြားနေသော ရင်ကို ကော့ပြ၏ တော်သေးသည် ဖိုးဂျယ်က ဘောင်းဘီချွတ် အဖွဲ့ဝင် မဟုတ်သဖြင့် မတော်တရော်တွေ မမြင်ရခြင်းဖြစ်သည်။ ဘေးတွင် တွင်း၂က ဘောင်းဘီချွတ် လိုက်သောကြောင့် ဝတ်စရာ မရှိ၍ လန်ကွတ်တီလေးဖြင့် ပါလာကာ “ငဂျယ် သွားကြစို့ဗျာ ” ဟု လက်တို့မှ လှည့်ထွက်လာခဲ့လေသည်။ ညတည်းက သူ့အား ငဗီဟုခေါ်ရန် ငတိအား ငဂျယ်ဟု ခေါ်မည်ဖြစ်ကြောင်း ပြောထားလေသည်။

တွင်း၂သည် မနက်မှ ငတိ မသိခင် ပျံဝံဆီက တောင်းထားသော ဆောင်ရန် ရှောင်ရန် လမ်းပြမြေပုံကို စိတ်ထဲမှ ရွတ်ဖတ်နေလေသည်။ ထို့နောက် ၉၆၉၃ ဖြင့် round လှည့်လေရာ

ငတိက “ဝေ့ . . . ငဗီ ရှေ့က တိုက်တတိုက်လုံးကြီး မည်းနေပါ့လား ဟ . . . . ဘာဖြစ်တာတုန်း “
ထိုအခါ တွင်း၂ တကိုယ်လုံး ကြက်သီးမွှေးညင်းတွေထကုန်၏ ပါးစပ်မှလဲ ” သေပြီ ဆရာ ” စိတ်ထဲမှ ပျံဝံကို ကျိန်ဆဲနေလေသည်။ ဒင်း သတင်းမှား ပေးတာလား၊ သက်သက် ချောက်ချတာလား၊ ဒါမှ မဟုတ် ငါကျက်ထားတာပဲ မှားတာလား ဟ တွေဝေနေစဉ် ဒီဈေးမီးလောင်တာ မသိအောင် ရှောင်ချင်ပါတယ်ဆိုမှ တည့်တည့်တိုးနေတယ်။
ထိုစဉ် ငတိက ” ဘာဖြစ်တာတုန်း ငဗီရ”
“ဘာမှ မဟုတ်ပါဘူး ငဂျယ်ရ အခုခေတ်က Emo ခေတ်လေ ဒီတော့ တိုက်တွေကိုလဲ Emo ဆန်ဆန်ဖြစ်အောင်
အမှုရှောင် နညက သူလိုချင်တယ်ဆိုလို့ ဆေးသုတ်ခိုင်းထားတာ မိုက်တယ် ဟုတ်. . . . ဟူး မဖြစ်ဘူး တယောက်ယောက်ကို မြန်မြန် ရောင်းမှ ဖြစ်တော့မယ်”
ငတိက ” ကဲနောက်တနေရာ သွားတာပေါ့ ” ထိုအခါမှ တွင်း၂ သက်ပြင်းချနိုင်သည်။

“ဟ ငဗီရေ ရှေ့က တိုက်က ပိုမိုက်တယ် ဟ . . . . အပေါ် တထပ် နှစ်ထပ်လောက်ပဲ မည်းနေတာ ရှိတ်ပြေးနေတဲ့ ပုံစံလေးကွ ဒါလဲ နည ဒီဇိုင်းပဲလား “

ငဗီ ” ဟိုက် “
ငတိ ” ဒီတိုက်တော့ ငါ ယူမယ်ကွာ ဘယ်သူမှ မသိစေနဲ့ဦး မင်းလိုချင်ရင်လဲ နညကို တလုံးလောက် ဒီဇီုင်း လုပ်ခိုင်းပေါ့”
ငဗီ ” အော် ဟုတ်ကဲ့ ဟုတ်ကဲ့ ”
ငတိ ” မောပြီကွာ ရေခဲရေ ဝယ်သောက်ရအောင်”
ငဗီ ” ကောင်းသားပဲ ငဂျယ် ကျွန်တော်လဲ ရင်တွေ ပူနေတာ ”
ငတိ “ရေခဲရေ ၁ ခွက်လောက်”
ငဗီ “အာာာ ငဂျယ် ကျွန်တော်လဲ ရေဆာတယ်လေဗျာ “
ငတိ “အေးလေ တယောက် တဝက်သောက်မယ်လေကွာ . . . တခွက် ဘယ်လောက်လဲ “
ရေခဲရေသည် ” ၄၀၀၀ပါ “
ငတိ ” ကဲရော့ ၅၀၀၀ တန် “
ရေခဲရေသည် ” ရော့ tissue ယူသွား အမ်းစရာ ၁၀၀၀ တန် မရှိလို့”
အပြန်လမ်းတွင် သူတောင်းစား တယောက်က ” တနား ကျပါ ခင်ဂျာ မယားကြီး ပြုပြင်ဖို့နဲ့ မယားငယ် နားကပ်ဖိုးလေးလောက်ပါ ”
ငတိလဲ အရမ်းသနား သွားသဖြင့် ” ကဲ ကဲ ခုဏက အမ်းလိုက်တဲ့ tissue ထုတ် ပေးလိုက်ကွာ ”
ငဗီက ” ဟုတ် ငဂျယ် “
ထိုအခါ သူတောင်းစားက ” အာ ဗျာ တယောက်လာလဲ tissue တယောက်လာလဲ tissue နဲ့ မလိုချင်ပါဘူးဗျာ ”
ငတိက ” အလကား ညာဏ် မရှိတဲ့ ကောင် ဒါကြောင့် သူတောင်းစားဖြစ်ပြီး မိန်းမ ၂ယောက်ပဲ ရသေးတာ ” သူတောင်းစား ” ဗျာ ”
ငတိ ” ဟုတ်တယ်လေ ၁၀၀၀ တန် မရှိတော့ tissue ပေးတာပေါ့ မင်းက စုပြီး ရေခဲရေသည်တွေကို ပြန်သွင်းပေါ့ သူများတွေ လုပ်တာ မမြင်ဖူးဘူးလား ”
သူတောင်းစား ” ဟုတ်သားပဲ ဒီလမ်းရဲ့ ဈေးသည်တွေဆီက စာရွက်လေးပြပြီး ပိုက်ဆံ လိုက်လိုက် တောင်းနေတဲ့ အဆင့်မြင့် လိုင်စင်ရ သူတောင်းစားဆို tissue ကို ၁၀၀၀၀ ဖိုး ၉ထုတ် နဲ့ ပြန်ရောင်းတယ် မှန်လိုက်လေဗျာ ဒါဆို နောက် မိန်းမတယောက်လောက်တော့ ထပ်ယူလို့ရပြီ ကျေးဇူးပါ ဗျာ “
ငတိ ” အေး မင်းကို ပေးတာ တိမ်မြုပ်ပျောက်ကွယ်နေသော ကုန်စည်ဖလှယ် နည်းပညာ ပဲ ”
တွင်း ၂ ” ငဂျယ် ပြန်မယ်ဗျာ”
ငတိ ” အေး အေး ပြန်ရောက်မှ ၁၀၀၀၀ တန်တို့ ၁၀၀၀၀၀ တန်တို့ ထပ်ထုတ်ဖို့ အစည်းဝေးကျင်းပရဦးမယ် ”
ငဗီ ” လိုနေတာက ၁၀၀၀ တန်လေ ငဂျယ်ရ “
ငတိ ” ပိန်းလိုက်တဲ့ ငဗီ ငါက သေးသေးလေးတွေ မလုပ်ချင်ဘူး . . . သူတို့ကို နည်းပညာ ပေးထားပြီပဲ တော်ရောပေါ့ ကမ္ဘာမှာ ငါတို့ ဂေဟာခုပဲ အဲ့နည်း ပြန်ဖော်ထုတ်သေးတာ ”

အပြန်လမ်းတွင် ဆောင်ရန်လမ်းမှ ဘာပြဿနာမှမဖြစ်ပဲ ပြန်ရောက်ရန် တွင်း၂ ကြိတ်၍ ဆုတောင်းနေလေသည်။ သို့သော် ဆုတောင်း မပြည့်ပေ

ငတိ ” ငဗီ ရှေ့က လူတွေက သံချပ်ကာ ဦးထုတ်တွေ စွတ်ပြီး လမ်းလျှောက်နေပါလား ဘယ်သူတွေတုန်း ဟ ”
ငဗီ ” အော် အဲ့တာ အတင်းထောက်တွေပါ အတင်းမေးဖို့ သွားနေကြတာ”
ငတိ ” ဟေ . . . . ဘယ်လို ”
ငဗီ “မေ့လို့ မဟုတ်ပါဘူး အရင်နေ့က ကူးသန်း လုပ်သွားတဲ့ ပရိုးမိုးရှင်းအောင်မြင်လို့ပါ “

ငတိ ” အော် အေး အေး ဟုတ်သားပဲ ငါတောင် တလုံးယူလာသေးတာပဲ”
ငတိလဲ ဂေဟာပြန်ရောက်တော့ ရုပ်ဖျက်တဲ့ အတိုင်းပဲ နေလို့ ကောင်းသဖြင့် ဘောင်းဘီ ပြန်မဝတ်တောပေ။

ငပေါများဂေဟာမှာ တင်ထားပြီးသားလေးပါ။

Knowledge Sharing and Collaboration on Open Talk

Posted by ဖိုးဂျယ် On June - 13 - 2010 1 COMMENT Subscribe here

မင်္ဂလာပါခင်ဗျာ …

M51A Group & Mysuboo Fan Club တို့ ဦးစီးကျင်းပမည့် Knowledge Sharing and Collaboration on Open Talk အစီအစဉ် သစ်တခုကို ဇွန်လ ၂၀ ရက် (တနင်္ဂနွေနေ့) တွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ Excel Treasure Hotel 10th Floor ရှိ Meeting Room တွင် နေ့လည် ၂ နာ၇ီ မှ ညနေ ၅ နာရီထိ ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။ Domain , Hosting Sever များအကြောင်း နှင့် ၄င်းတို့ရဲ့အလုပ်လုပ်ဆောင်ပုံ ၀ယ်ယူအသုံးပြုပုံများ အကြောင်းကို ဆွေးနွေးပြောကြား မည်ဖြစ်ပါသည်။ လူဦးရေ အယောက် ၈၀ သာ ကန့်သတ်ထားပါသဖြင့် mistake51area@gmail.com တွင် ကြိုတင် စာရင်းပေးသွင်းထား နိုင်ပါကြောင်း အသိပေး အကြောင်းကြား အပ်ပါသည်။

IT အကြောင်းဘာမှမသိသေးတဲ့သူများ လည်းပါဝင် တတ်ရောက် ဆွေးနွေး မေးမြန်းနိုင်အောင် စီစဉ်ပေးထားးပါသည်။

ပွဲချိန် : 2:00 pm to 5:00 pm

နေရာ : Excel Treasure Hotel (10th Floor)

နေ့ရက်: 20.June.2010 (Sunday)

***မှတ်ချက်***

ပွဲအတွက် စပွန်စာပေးလိုသူများအား နွေးထွေးစွာ ပျုငှာစွာကြိုဆိုလျှက်ရှိကြောင်းအသိပေးအပ်ပါသည်။

လေးစားစွာဖြင့်

Mistake 51 Area Group & Mysuboo Fan Club (Admin)

www.m51a.com (Music & IT Development)

www.mysuboofanclub.com

Photo

Posted by ဖိုးဂျယ် On June - 7 - 2010 5 COMMENTS Subscribe here

ခရီး ဝေး . . . .

Lonely

တိမ်တိုက်

အားပါးတရ

Depression

စိတ်တိုဒယ်နော် ဟွန့်

VCD Cover :D

တနေ့သ၌ ကျွန်တော် သဘာပတိသည် ငပေါဂေဟာ၏ စည်ပင်ဝဖြိုးနေသည်ကို သိချင်စိတ်ပြင်းပြ၍ ဂေဟာအတွင်းသို့ round လှည့်ရန် အလို့ငှာ ရုပ်ဖျက်ခြင်း အမှုကိစ္စကို ဂေဟာအကျော်အမော် ဖိုးဂျယ်ဖြင့် တိုင်ပင်ကာ ရုပ်ဖျက်၏။ ဘောင်းဘီချွတ်လိုက်သည်။ သို့သော် တောင်ရှည်ပုဆိုး ကျန်ပါသေးသည်။ ထို့နောက် စီးထားသော တရုတ်ပြည်ထုတ် LV ကို ချွတ်က မနေ့က ဝယ်ထားသော ဖိနပ်တွေထဲက ပုံအတုံးဆုံး LV ခြေညှပ်ဖိနပ်ကို ယူလိုက်သည်။ မည်သူမှ မမှတ်မိစေရန် ရည်ရွယ်၍ ဖိနပ်လဲ စီးကာ ရုပ်ဖျက်လိုက်၏။ တွင်း၂ကို ငတိရုပ်ဖျက်ထားကြောင်း မည်သူကိုမှ မပြောရန် ကြိုတင် အမိန့်ချထားလေသည်။
သို့သော် ညက အရက်မူးကာ ငတိကိုယ်တိုင် မနက်ဖြန် ရုပ်ဖျက်ကာ round လှည့်မည့်အကြောင်းကို အာပေါင် အာရင်း သန်သန်ဖြင့် ပြောထားသောကြောင့် အကုန်လုံး သိနေသည်ကို တွင်း၂က မသိချင်ယောင်ဆောင်ကာ ခေါင်းငြိမ့်ပြီး ငတိ စိတ်ချမ်းသာစေရန် ” ဟုတ်ကဲ့ ” ဟု ပြောလေသည်။ ထို့နောက် ဂေဟာအတွင်းသို့ လှည့်လည် လမ်းသလား ကြ့ည်ရာ မိမိကို မည်သူမှ မမှတ်မိပဲ အံ့အားသင့်သော မျက်နှာတွေဖြင့် ကြည့်နေကြလေသည်။ ကဲ ဘယ်လောက် ရုပ်ဖျက်တာ ပီပြင်လဲ ဟု ဖိုးဂျယ်က ပြားနေသော ရင်ကို ကော့ပြ၏ တော်သေးသည် ဖိုးဂျယ်က ဘောင်းဘီချွတ် အဖွဲ့ဝင် မဟုတ်သဖြင့် မတော်တရော်တွေ မမြင်ရခြင်းဖြစ်သည်။ ဘေးတွင် တွင်း၂က ဘောင်းဘီချွတ် လိုက်သောကြောင့် ဝတ်စရာ မရှိ၍ လန်ကွတ်တီလေးဖြင့် ပါလာကာ “ငဂျယ် သွားကြစို့ဗျာ ” ဟု လက်တို့မှ လှည့်ထွက်လာခဲ့လေသည်။ ညတည်းက သူ့အား ငဗီဟုခေါ်ရန် ငတိအား ငဂျယ်ဟု ခေါ်မည်ဖြစ်ကြောင်း ပြောထားလေသည်။

တွင်း၂သည် မနက်မှ ငတိ မသိခင် ပျံဝံဆီက တောင်းထားသော ဆောင်ရန် ရှောင်ရန် လမ်းပြမြေပုံကို စိတ်ထဲမှ ရွတ်ဖတ်နေလေသည်။ ထို့နောက် ၉၆၉၃ ဖြင့် round လှည့်လေရာ

ငတိက “ဝေ့ . . . ငဗီ ရှေ့က တိုက်တတိုက်လုံးကြီး မည်းနေပါ့လား ဟ . . . . ဘာဖြစ်တာတုန်း “
ထိုအခါ တွင်း၂ တကိုယ်လုံး ကြက်သီးမွှေးညင်းတွေထကုန်၏ ပါးစပ်မှလဲ ” သေပြီ ဆရာ ” စိတ်ထဲမှ ပျံဝံကို ကျိန်ဆဲနေလေသည်။ ဒင်း သတင်းမှား ပေးတာလား၊ သက်သက် ချောက်ချတာလား၊ ဒါမှ မဟုတ် ငါကျက်ထားတာပဲ မှားတာလား ဟ တွေဝေနေစဉ် ဒီဈေးမီးလောင်တာ မသိအောင် ရှောင်ချင်ပါတယ်ဆိုမှ တည့်တည့်တိုးနေတယ်။
ထိုစဉ် ငတိက ” ဘာဖြစ်တာတုန်း ငဗီရ”
“ဘာမှ မဟုတ်ပါဘူး ငဂျယ်ရ အခုခေတ်က Emo ခေတ်လေ ဒီတော့ တိုက်တွေကိုလဲ Emo ဆန်ဆန်ဖြစ်အောင်
အမှုရှောင် နညက သူလိုချင်တယ်ဆိုလို့ ဆေးသုတ်ခိုင်းထားတာ မိုက်တယ် ဟုတ်. . . . ဟူး မဖြစ်ဘူး တယောက်ယောက်ကို မြန်မြန် ရောင်းမှ ဖြစ်တော့မယ်”
ငတိက ” ကဲနောက်တနေရာ သွားတာပေါ့ ” ထိုအခါမှ တွင်း၂ သက်ပြင်းချနိုင်သည်။

“ဟ ငဗီရေ ရှေ့က တိုက်က ပိုမိုက်တယ် ဟ . . . . အပေါ် တထပ် နှစ်ထပ်လောက်ပဲ မည်းနေတာ ရှိတ်ပြေးနေတဲ့ ပုံစံလေးကွ ဒါလဲ နည ဒီဇိုင်းပဲလား ”

ငဗီ ” ဟိုက် “
ငတိ ” ဒီတိုက်တော့ ငါ ယူမယ်ကွာ ဘယ်သူမှ မသိစေနဲ့ဦး မင်းလိုချင်ရင်လဲ နညကို တလုံးလောက် ဒီဇီုင်း လုပ်ခိုင်းပေါ့”
ငဗီ ” အော် ဟုတ်ကဲ့ ဟုတ်ကဲ့ ”
ငတိ ” မောပြီကွာ ရေခဲရေ ဝယ်သောက်ရအောင်”
ငဗီ ” ကောင်းသားပဲ ငဂျယ် ကျွန်တော်လဲ ရင်တွေ ပူနေတာ ”
ငတိ “ရေခဲရေ ၁ ခွက်လောက်”
ငဗီ “အာာာ ငဂျယ် ကျွန်တော်လဲ ရေဆာတယ်လေဗျာ “
ငတိ “အေးလေ တယောက် တဝက်သောက်မယ်လေကွာ . . . တခွက် ဘယ်လောက်လဲ “
ရေခဲရေသည် ” ၄၀၀၀ပါ “
ငတိ ” ကဲရော့ ၅၀၀၀ တန် “
ရေခဲရေသည် ” ရော့ tissue ယူသွား အမ်းစရာ ၁၀၀၀ တန် မရှိလို့”
အပြန်လမ်းတွင် သူတောင်းစား တယောက်က ” တနား ကျပါ ခင်ဂျာ မယားကြီး ပြုပြင်ဖို့နဲ့ မယားငယ် နားကပ်ဖိုးလေးလောက်ပါ ”
ငတိလဲ အရမ်းသနား သွားသဖြင့် ” ကဲ ကဲ ခုဏက အမ်းလိုက်တဲ့ tissue ထုတ် ပေးလိုက်ကွာ ”
ငဗီက ” ဟုတ် ငဂျယ် “
ထိုအခါ သူတောင်းစားက ” အာ ဗျာ တယောက်လာလဲ tissue တယောက်လာလဲ tissue နဲ့ မလိုချင်ပါဘူးဗျာ ”
ငတိက ” အလကား ညာဏ် မရှိတဲ့ ကောင် ဒါကြောင့် သူတောင်းစားဖြစ်ပြီး မိန်းမ ၂ယောက်ပဲ ရသေးတာ ” သူတောင်းစား ” ဗျာ ”
ငတိ ” ဟုတ်တယ်လေ ၁၀၀၀ တန် မရှိတော့ tissue ပေးတာပေါ့ မင်းက စုပြီး ရေခဲရေသည်တွေကို ပြန်သွင်းပေါ့ သူများတွေ လုပ်တာ မမြင်ဖူးဘူးလား ”
သူတောင်းစား ” ဟုတ်သားပဲ ဒီလမ်းရဲ့ ဈေးသည်တွေဆီက စာရွက်လေးပြပြီး ပိုက်ဆံ လိုက်လိုက် တောင်းနေတဲ့ အဆင့်မြင့် လိုင်စင်ရ သူတောင်းစားဆို tissue ကို ၁၀၀၀၀ ဖိုး ၉ထုတ် နဲ့ ပြန်ရောင်းတယ် မှန်လိုက်လေဗျာ ဒါဆို နောက် မိန်းမတယောက်လောက်တော့ ထပ်ယူလို့ရပြီ ကျေးဇူးပါ ဗျာ “
ငတိ ” အေး မင်းကို ပေးတာ တိမ်မြုပ်ပျောက်ကွယ်နေသော ကုန်စည်ဖလှယ် နည်းပညာ ပဲ ”
တွင်း ၂ ” ငဂျယ် ပြန်မယ်ဗျာ”
ငတိ ” အေး အေး ပြန်ရောက်မှ ၁၀၀၀၀ တန်တို့ ၁၀၀၀၀၀ တန်တို့ ထပ်ထုတ်ဖို့ အစည်းဝေးကျင်းပရဦးမယ် ”
ငဗီ ” လိုနေတာက ၁၀၀၀ တန်လေ ငဂျယ်ရ “
ငတိ ” ပိန်းလိုက်တဲ့ ငဗီ ငါက သေးသေးလေးတွေ မလုပ်ချင်ဘူး . . . သူတို့ကို နည်းပညာ ပေးထားပြီပဲ တော်ရောပေါ့ ကမ္ဘာမှာ ငါတို့ ဂေဟာခုပဲ အဲ့နည်း ပြန်ဖော်ထုတ်သေးတာ ”

အပြန်လမ်းတွင် ဆောင်ရန်လမ်းမှ ဘာပြဿနာမှမဖြစ်ပဲ ပြန်ရောက်ရန် တွင်း၂ ကြိတ်၍ ဆုတောင်းနေလေသည်။ သို့သော် ဆုတောင်း မပြည့်ပေ

ငတိ ” ငဗီ ရှေ့က လူတွေက သံချပ်ကာ ဦးထုတ်တွေ စွတ်ပြီး လမ်းလျှောက်နေပါလား ဘယ်သူတွေတုန်း ဟ ”
ငဗီ ” အော် အဲ့တာ အတင်းထောက်တွေပါ အတင်းမေးဖို့ သွားနေကြတာ”
ငတိ ” ဟေ . . . . ဘယ်လို ”
ငဗီ “မေ့လို့ မဟုတ်ပါဘူး အရင်နေ့က ကူးသန်း လုပ်သွားတဲ့ ပရိုးမိုးရှင်းအောင်မြင်လို့ပါ “

ငတိ ” အော် အေး အေး ဟုတ်သားပဲ ငါတောင် တလုံးယူလာသေးတာပဲ”
ငတိလဲ ဂေဟာပြန်ရောက်တော့ ရုပ်ဖျက်တဲ့ အတိုင်းပဲ နေလို့ ကောင်းသဖြင့် ဘောင်းဘီ ပြန်မဝတ်တောပေ။

ကောင်လေး – ဗျို့ တိမ်တိုက်ကြီး မိုးမိတာနဲ့ မိုးရေချိုးတာနဲ့ ဘာကွာလဲဗျ မသိလို့ပါ
သူ စဉ်းစားနေတုန်း မိုးစက်မိုးပေါက်တွေက လှမ်းပြောတယ်။

မိုးစက်မိုးပေါက် – ဒီလိုဗျ အမျိုးအစား ၄မျိုးရှိတယ်။ အောက်ပါတို့မှာ
၁ – မိုးမိခြင်း
၂ – မိုးရေချိုးခြင်း
၃ – မိုးမိချင်ယောင်ဆောင်ခြင်း
၎ – တခုမှ လုပ်ခွင့်မရခြင်း  ဆိုပြီး အမျိုးအစားခွဲခြားထားပါတယ်။

ကောင်လေး – ၄မျိုးတောင်ရှိတယ်။ ဒါဆို ရှင်းပြပါဦးဗျာ

မိုးစက်မိုးပေါက် – ဟော့ ထီးပန်းရောင်လေးနဲ့ ကောင်မလေးကို ကြည့် မျက်နှာမကြည် မသာဖြစ်နေတယ်။ သူက မိုးမိတာ
ဟိုရှေ့က အကျီ င်္ ကျွတ်နဲ့ ကလေးတွေက မိုးရေချိုးနေတာ၊
အကျီ င်္အနက်နဲ့ ထီးအပြာကွက်လေး ဆောင်းထားတဲ့ ကောင်လေးက မိုးမိချင်ယောင်ဆောင်တာ
ကလေးတွေလို အကျီ င်္ကျွတ်နဲ့ မိုးရေ မချိုးရဲတော့ဘူး ရှက်လို့ မိုးမိချင်ယောင်ဆောင်ဝြီး မိုးရေ ထွက်ချိုးတာ
ဟိုး အပေါ်ထပ် ပြတင်းပေါက်နားမှာ ရပ်ပြီး ကော်ဖီခွက် ကိုင်ရင်း အပြင်ကို ငေးနေတဲ့ ကောင်လေးက
ဘာတခုမှ လုပ်ခွင့်မရခြင်းတို့ ဖြစ်ပါသည်။