poemtopia
poem is mylife
Archive for October, 2008
အားလုံးကိုတောင်းပန်းချင်လို. ဒီ Postလေး ရေးလိုက်တာပါ။ ပြောချင်တာကတော့ ကျတော်ကို မောင်မျိုးက ပြောတယ် ပိဿလေးနဲ. ဘေးပစ် ၊ ပြီးတော့ လေသံက နည်းနည်းမာပြီး အထက်ဆီးလေသံပေါက်နေတယ်၊ ကြွတ်ဆပ်ဆပ်လေးဖြစ်နေတယ်တဲ့ ကျတော်က အဲ့လို အမြဲတမ်းပြောတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နှိပ်ကွပ်ခံရတာများလို့ပါ။ ပြီးတော့ ကျတော်ရဲ့ ဝေါဟာရ အသုံးအနှုန်း ညံ့ဖျင်းမှုကြောင့်ရယ်၊ စကားမပြောတတ်တာရယ်ကြောင့်ပါ။ မြန်မာစကားက ရှုပ်တယ်နော်၊ ကျတော်ပြောချင်တာက ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်းမပြောတတ် မရေးတတ်တာပါပဲ၊ ပြောချင်တာက တမျိုး ပြောလိုက်တဲ့ စကားအဓိပ္ပာယ်က တမျိုးဖြစ်နေတတ်တယ်။ ပြီးတော့ အခု Blog လေးက ကဗျာလေးတွေပဲ သီးသန့်ဆိုပြီး စရေးခဲ့တာပါ မသက်ဇင်ရဲ့Linkထဲမှာလဲ ကဗျာချစ်သူဆိုပြီး ထည့်ထားပါတယ်၊ တစ်ချို့အစ်ကို၊ အစ်မတွေရဲ့ Blog မှာလဲ အဲ့လို ကဗျာချစ်သူဆိုပြီး Link ထားတာမြင်ဖူးပါတယ်။ အခုတော့ စိတ်ကူးပေါက်တာလေးတွေ ရေးဖြစ်နေတော့ စိတ်ထဲမှာ အပြစ်လုပ်ထား မိသလိုဖြစ်နေတယ်။ အခုတလော စိတ်ညစ်စရာတွေ ရှိနေတော့ Blogကို ပိုဖိဖြစ်တယ်။ Template လေးတွေပြင်ဖြစ်တယ်။
မသက်ဇင်ကလည်း လိုအပ်တာလေးတွေ အကြံပေးတယ်။
ပြီးတော့ ကျတော့်ဆီ ပထမဆုံးအလည်လာပြီး ဖိုးဝ မှာ လိုတာပြင်ပေးတဲ့ kommthinker ကျေးဇူးပါဗျာ။
ပထမဆုံး Comment ပေးပြီး Blog လုပ်ဖို့ လမ်းညွှန်ပေးတဲ့ ကိုရွာသားလေးYTU ကျေးဇူးပါပဲ
အမြဲတမ်း လိုအပ်တာတွေ အကြံပေးတဲ့ မသက်ဇင် ကျေးဇူးပါဗျို့။
သတိတရနဲ. မွေးနေ့လာဖိတ်ပြီး ကျတော်ကို အသိမှတ်ပြုဖော်ပြပေးတဲ့ အစ်မ၀ါဝါခိုင်မင်း ကို ကျေးဇူးတင်ပါတယ်။
ကျတော့်ရဲ့ အရူးရေးသော အရူးစာ ကိုဖတ်ပြီး ငါလဲအရူးလို.ပြောပြီး အားပေးသွားတဲ့ လေးစားစရာ အရေးသားတွေနဲ့ ဗီလိန်(အသက်မကွာလို. ဒီလိုပဲခေါ်လိုက်ပါပြီ စိတ်မချိုးနဲ့နှော် ရာထူးတိုးပေးမယ် ကျန်တဲ့ အဖွဲ့ဝင်တွေ မသိစေနဲ့) ကျေးဇူးသူငယ်ချင်း။
ပထမဆုံး Tag တဲ့အတွက် ကျတော့်မှာ သူငယ်ချင်းတွေ အများကြီးရစေပါတယ် ညီလေး သံလွင်ထီးရိုး (ခ) သံလွင်မှာရှိတဲ့ သူရဲကောင်းညီရေ ကျေးဇူးပါပဲ။
ကျတော်ရဲ့ အားနည်းချက်ကို ဝေဖန်ပေးတဲ့ မောင်မျိုးရဲ့ ရေတွင်းပျက် (စတာ စိတ်ချိုးပါဘူးနှော် :P ထမင်းတလုပ် တုတ်တစ်ချက်မဟုတ်ပါဘူး ရန်ကုန်မှာတွေ့ကြရင် ဆိုက်ကားဝယ်ပေးမယ်) တကယ်ပြောတာပါ ကျေးဇူးပါ။
ညလေးရဲ့ ညီလေး ပိကျိ ကတော့ ပထဆုံး Chat ဖြစ်တဲ့ Blog ညီလေးပေါ့ အလုက်ရှုပ်ခံပြီး Template တွေ မှားကုန် ပျောက်ကုန်တာကို ကြိုးစားလုပ်ပေးပါတယ်။ မရတော့ ကျေးဇူးပဲလို့ပြောတာကို ဘာမှမလုပ်ပေးရပဲ ကျေးဇူးအတင်မခံတဲ့ ရိုးသားတဲ့ Blog ညီလေးရေ အချိန်ကုန်ခံ၊ အလုပ်ရှုပ်ခံ ရှာပေးတာပဲ ကျေးဇူးတင်ဖို.ကောင်းနေပြီကွာ။ ကျေးဇူးကွာ။
နန်းညီဆိုတဲ့ ကောင်မလေးက ဘာမပြောညာမပြောပဲ ရူးပေါသဘာပတိဆိုပြီး လူအထင်ကြီးစရာ ရာထူးကြီးတစ်ခုကိုပေးလိုက်တော့ စိတ်ညစ်နေတဲ့ သူဆိုတော့ ရူးလိုက်ပေါလိုက်တာ ဟိုဖက်ကမ်းတောင် ကျော်သွားတယ်။ ကျေးဇူး အမှုရှောင်စည်းရုံးရေးမူးရေ
ကျတော့် အိမ်လေးကို လာလည်ပတ်ပြီး သွေးစက်လေးတွေ ပေးခဲ့တဲ့ Blog မောင်နှမတွေ ဖြစ်တဲ့
ko byakga/ကိုလင်းဒီပ/ကိုဇင်ယော်/မဗေဒါ/ကိုရင်နော်ခင်လေးငယ်/ကိုဂစ်တာ/အစ်မခွန်မြလှိုင်/ခေါင်ခေါင်/အကိုနေလင်း@國強/ကိ
ဝင်ရောက်ဆွေးနွေးအကြံပေးကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်ဗျာ။
ကောင်လေးတစ်ယောက်ရှိတယ်ဆိုပါတော့ သူက ကောင်မလေးနှစ်ယောက်ကို ချစ်နေတယ်။ ကောင်မလေးနှစ်ယောက်ကလည်း သူ့ကိုချစ်တယ်။ ဘယ်သူ့ကို ဘယ်အခြေအနေမှာ လက်တွဲရမလဲဆိုတာ ခေါင်းစားနေလို့ အကြံပေးကြပါဗျိုး။
၁ – ကောင်လေးက ဆင်းရဲတယ်။
ကောင်မလေးတစ်ယောက်က ချမ်းသာတယ်။
နောက်တစ်ယောက်က ဆင်းရဲတယ်။
ဒီအခြေအနေမှာ ဘယ်သူ့ကို လက်တွဲသင့်လဲ????
၂ – ကောင်လေးက ပိုက်ဆံချမ်းသာတယ်။
ဒီအခြေအနေမှာရော ဘယ်သူ့ကို လက်တွဲသင့်လဲ ?????
ချမ်းသာတဲ့ ကောင်မလေးလား????
ဆင်းရဲတဲ့ ကောင်မလေးလား?????
အောက်ကcomment တွေ ဖတ်ပြီး ကျတော်လိုချင်တဲ့ အဖြေနဲ.နီးဆက်မှုရှိပါတယ်။ ဒါပေမဲ့ ကျတော်က တိကျတဲ့အဖြေလိုချင်တာပါ။
ဥပမာ – ချမ်းသာတဲ့အချိန်မှာ ဘယ်ကောင်မလေး။
ဆင်းရဲတဲ့အခါမှာ ဘယ်ကောင်မလေး။
မှတ်ချက် – အထင်တွေ မကြီးပါနဲ့ ကျတော်မဟုတ်ပါ။ ကျတော့်မှာ ခပ်ပိန်းပိန်းကောင်မလေးကို ဖွင့်တောင်မပြောရဲသေးပါ။ ကြိုးစားဆဲအဆင့်သာ ရှိသေးသည်။
ပုံ/ ခပ်ပိန်းပိန်းကောင်လေး ဂျဲဂျယ်
Gtlak Virus
Posted by On October - 28 - 2008 1 COMMENT Subscribe here
ကိုဂျယ်ရေ အခု Gtalk Virus တစ်မျိုးပေါ်နေတယ်၊ Virus က ကိုယ့် Friend နဲ့ပြောနေတုန်း၊ သူ့ Box ထဲကနေ (iew my webcam (private secured connection using privateCam) http://- – - – - – - – - – - – .exe) ဆိုပြီး အပြာရောင်စာတမ်းနဲ့ပေါ်လာတယ်၊ (မှတ်ချက်။ အထဲကစာသားတွေကိုတော့မဖေါ်ပြပါဘူး၊ Virus တွေထပ်ပြန့်မှာစိုးလို့ပါ၊ ရှေ့နောက်စကားလုံးတွေပဲနမူနာပြလိုက်ပါတယ်) အဲဒီ့စာကြောင်းကို Click နှိပ်လိုက်ရင် Virus တွေက ကွန်ပျူတာနဲ့ ကိုယ် Gtalk Account ထဲကို ၀င်ပြီး ဖျက်ဆီးပါတယ်၊ အ၀င်ခံရတဲ့ Account နဲ့ Computer က သူနဲ့ပြောတဲ့ Gtalk Friend တွေဆီကို Autochatting လုပ်ပြီး အခုနစာသားတွေထပ်ပို့ပြီးပြန့်နှံ့အောင်လုပ်ပါတယ်၊ ဆိုးကျိုး တွေနဲ့ ဖျက်ဆီးအားကိုတော့အတိအကျ မသိသေးပါဘူး ။ ထပ်သိရင်ပြောပါမယ်။ (အဓိက အချက်ကတော့။ အဲဒါကို click မနှိပ်ဖို့ပါပဲ) နီးစပ်ရာသူငယ်ချင်းတွေကိုလဲ တဆင့်ပြောပေးပါ။
ပေးပို.သူ – စိုးမင်းသူ
မနေ့ကပြောတဲ့ Gtalk-link-virus အတွက် ဖြေရှင်းဖို့နည်းလမ်းရပြီ။ Virus ၀င်သွားရင် အဲဒီ Software Rar ဖိုင်ကိုဖြည်ပြီး Run ရင်ရတယ် ။ မင်းစက်တွေမှာဝင်ခဲ့ရင်သုံးဖို့ပို့ပေးလိုက်မယ်။
ဒီ ဖိုင်ကို Rar ဖြည်ပြီး Run ရင်ရပြီ၊ ဒါပေမယ့် တစ်ခြား Antivirus ဖိုင်တွေကို ခဏပိတ်ထားရမယ်
လင့်လေးကဒီမှာပါနှိပ်လိုက်ပါဗျာ မကြောက်ပါနဲ.ဗျ Virus မဟုတ်ပါဘူးဗျာ
အားလုံးသိပြီးသားလို. ထင်ပါတယ် ဆားချက်ယုံမျှသာ
Gtlak Virus
Posted by On October - 28 - 2008 1 COMMENT Subscribe here
ကိုဂျယ်ရေ အခု Gtalk Virus တစ်မျိုးပေါ်နေတယ်၊ Virus က ကိုယ့် Friend နဲ့ပြောနေတုန်း၊ သူ့ Box ထဲကနေ (iew my webcam (private secured connection using privateCam) http://- – - – - – - – - – - – .exe) ဆိုပြီး အပြာရောင်စာတမ်းနဲ့ပေါ်လာတယ်၊ (မှတ်ချက်။ အထဲကစာသားတွေကိုတော့မဖေါ်ပြပါဘူး၊ Virus တွေထပ်ပြန့်မှာစိုးလို့ပါ၊ ရှေ့နောက်စကားလုံးတွေပဲနမူနာပြလိုက်ပါတယ်) အဲဒီ့စာကြောင်းကို Click နှိပ်လိုက်ရင် Virus တွေက ကွန်ပျူတာနဲ့ ကိုယ် Gtalk Account ထဲကို ၀င်ပြီး ဖျက်ဆီးပါတယ်၊ အ၀င်ခံရတဲ့ Account နဲ့ Computer က သူနဲ့ပြောတဲ့ Gtalk Friend တွေဆီကို Autochatting လုပ်ပြီး အခုနစာသားတွေထပ်ပို့ပြီးပြန့်နှံ့အောင်လုပ်ပါတယ်၊ ဆိုးကျိုး တွေနဲ့ ဖျက်ဆီးအားကိုတော့အတိအကျ မသိသေးပါဘူး ။ ထပ်သိရင်ပြောပါမယ်။ (အဓိက အချက်ကတော့။ အဲဒါကို click မနှိပ်ဖို့ပါပဲ) နီးစပ်ရာသူငယ်ချင်းတွေကိုလဲ တဆင့်ပြောပေးပါ။
ပေးပို.သူ – စိုးမင်းသူ
မနေ့ကပြောတဲ့ Gtalk-link-virus အတွက် ဖြေရှင်းဖို့နည်းလမ်းရပြီ။ Virus ၀င်သွားရင် အဲဒီ Software Rar ဖိုင်ကိုဖြည်ပြီး Run ရင်ရတယ် ။ မင်းစက်တွေမှာဝင်ခဲ့ရင်သုံးဖို့ပို့ပေးလိုက်မယ်။
ဒီ ဖိုင်ကို Rar ဖြည်ပြီး Run ရင်ရပြီ၊ ဒါပေမယ့် တစ်ခြား Antivirus ဖိုင်တွေကို ခဏပိတ်ထားရမယ်
လင့်လေးကဒီမှာပါနှိပ်လိုက်ပါဗျာ မကြောက်ပါနဲ.ဗျ Virus မဟုတ်ပါဘူးဗျာ
အားလုံးသိပြီးသားလို. ထင်ပါတယ် ဆားချက်ယုံမျှသာ
စိတ်ဖိစီးမှုတွေများနေလို. အိပ်မပျော်တဲ့ ရောဂါရနေတယ်။ လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေ အရမ်းများနေတော့ စိတ်ရှုပ်ထွေးနေတယ်။
ဒါကြောင့် အိမ်လည်ခြင်းဖြင့် ဖြေဖျောက်ရန်ကြိုးပမ်းသင့်သည်ဟု ထင်မြင်ယူဆသောကြောင့် အိမ်လည်ပတ်ရန် ဆုံးဖြတ်ချက်ချပြီး သကာလ အိမ်လည်ရန် စတင်သင့်ကြောင်း ဦးနှောက်မှ အသိပေး ပြောကြားသည်ကို လက်ခံရရှိသည်နှင့် တပြိုင်နက် သိသိခြင်း ထွက်ခွာရန် ပြင်ဆင်နေချိန်တွင် ခပ်ပိန်းပိန်းကောင်မလေးက စောစောအိပ်ဆိုတဲ့ သတိပေးစကားကို သတိရလိုက်သော အခါမှာတော့ အိပ်ရန်ကြိုးပမ်းသင့်ကြောင်း သိလိုက်သောကြောင့် အိပ်မှဖြစ်တော့မယ်ဆိုသော အသိစိတ်ဝင်လာခြင်းဖြင့် မသိစိတ်ကိုမင်း အိပ်မှဖြစ်တော့မယ် မအိပ်ပါက ခပ်ပိန်းပိန်းကောင်မလေးပြောသလို ကိုယ့်စိတ်ကို ညှင်းဆဲနေသောကြောင့် ရူးနေသည်ဟု မကြာခဏပြောခံနေရသည်မှ ကင်းဝေးရန် မင်း အိပ်ကိုအိပ်ရမယ်ဟု မျက်လုံးကို အမိန်.ပေးခိုင်းစေလိုက်ခြင်းကို မျက်လုံးမှ နာခံရန် အသင့်အနေထားရှိနေသဖြင့် ကိုယ့်ကိုကိုယ် အကျေနပ်ကြီးကျေနပ်လျှက် နှစ်သက်သော သဘောရှိလေသည်ကို မြင်ရသဖြင့် ငါကွဟု ကိုယ့်ကိုကိုယ် စိတ်ကြီးဝင်နေသည်ကို မင်း ကြောင်နေပြီဆိုတာ သေချာနေကြောင်းထောက်ခံစာ မလိုဘူးဟု ကိုယ်စောင့်နတ်က ပြောတာ ကြားလိုက်မိသလိုလိုရှိသဖြင့် ကဲ အိပ်ပါပြီဗျဟု ပြောကြားရင်း နိဂုံးချုပ်ရန် တင်ပြနေသည့် အချိန်တွင် ဤကဲ့သို. ဖြစ်နေသည်ကို တရးနိုးလာသော မရီးက မနက်အလှူသွားစရာရှိတယ် အိပ်တော့လေလို. ပြောကြား၍ အိပ်ပါတော့မည် ခင်ဗျား။
လူတစ်ယောက်ကို အချစ်မိရင် အဲ့လောက်ပင်ပန်းလား။ တော်တော်လည်းလဲ ခံရခက်လား။ အချစ်ဆိုတာ ပေးဆပ်တာကို ခေါ်တာလား။ ရယူတာကိုခေါ်တာလား။ ဘာတွေကိုရယူပြီး ဘာတွေကို ပေးဆပ်နေကြတာလဲ။ ကျတော်ကတော့ ဘာတွေမှမလိုချင်ဘူး ပေးဆပ်ချင်ရုံသက်သက်ပဲ။ သူ.ဆီက ဘာမှမမျှော်လင့်ရဲဘူး။ ဘာမှလည်းမတောင်းဆိုရဲဘူး။ လောကကြီးဆီက ဘာမှမလိုချင်သလို လောကကြီးကို ဘာမှလည်းပြန်မပေးနိုင်ဘူး။ ဒါပေမဲ့ သူ.ကိုတော့ ကျတော်လုပ်ပေးနိုင်တာမှန်သမျှ လုပ်ပေးမယ်လို.ပြောထားတယ်။ ကျတော်တတ်နိုင်သမျှ လုပ်ပေးလိုက်မယ်။ အဲ့လိုလုပ်ပေးတာ သူ.ဆီကဘာပြန်ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိဘူး။ ပေးချင်တာသက်သက်ပဲ။ သူ.ကို ကျတော်စိတ်ထဲမှာ ထုတ်ထားလိုက်တာကြာပြီ။ တော်တော်ကိုကြာပြီ။ ၅နှစ်နီးပါးရှိပြီ။ ကျတော်အစ်ကို.ဆီကို သူ.နာမည်နဲ. မေးလ်၁ခုဝင်လာတယ်။ (အမေတို. ကျတော်emailကို မသိတော့ အစ်ကို emailကို ပေးလိုက်တာပါ။) အဲ့နေကစပြီး ကျွန်တော်ဘာတွေဖြစ်မှန်းကို မသိတော့ပါဘူး။ ကျွန်တော်သူနဲ. စကားမပြောခင်အထိ ကျွန်တော် status မှာ i hate myself and i want to die. ဆိုတဲ့ status အမြဲတမ်းရှိခဲ့တယ်။ လအတော်ကြာကြာကိုရှိခဲ့တယ်။ သူနဲ.စကားပြောဖြစ်တဲ့နောက်ပိုင်း ကျတော် status အမျိုးမျိုးပြောင်းလာတယ်။ သူ.နဲ.ပတ်သတ်တဲ့ အကြောင်းအရာတွေပေါ့။ ဒါပေမဲ့ သူ.က အချစ်ဆိုတာကို စိတ်မ၀င်စားတာလား။ ကျတော်ကို စိတ်မ၀င်စားတာလား။ ဒီအတိုင်းပဲ နေတတ်တာလားတော့ မသိဘူး။ ဒါပေမဲ့ တစ်ခါက ငါ နင်ကို လွမ်းတယ်တဲ့ ပြောလဲပြီးရော သိပ်လဲမကြာပါဘူး i hate u တဲ့ ကဲ ကျတော် ဘယ်လိုနားလည်ရမှာလဲ။ အခုကျတော် ညဘက်တွေ အိပ်မပျော်တာ သူ.ကြောင့်လို.တော့ တရားသေ မပြောချင်ပါဘူး။ တစ်ခါမှတော့ ဒီလိုမိုးလင်းခါနီးထိ မနေဘူးဖူး။ အခုတော့ နေ.တိုင်းနီးပါးပဲ။ သူသိရင် နင်ရူးနေပြီလို. ပြောမှာသေချာတယ်။ ဒီတစ်ခါတော့ ပြောဖို.စကားရှိပြီ ရူးနေတာမဟုတ်ဘူး ကြပ်မပြည့်တာလို.။ တစ်ခါတစ်ခါကျတော့လည်း သူပေးထားတဲ့ ခပ်စုတ်စုတ်နာမည်လေးတွေ ခေါ်တာကြားချင်တယ်။
ကဲ အခုပဲ မနက် ၅နာရီ ထိုးတော့မယ်။
ကြော်ငြာ
Posted by On October - 24 - 2008 ADD COMMENTS Subscribe here
လွင်ဦး (ခ) ဂျဲဂျယ်
ဒီ blog လေးက ကျောင်းကိစ္စလေးတွေ ကူညီဆောင်ရွက်ပေးဖို.ပါ။ လောလောဆယ်တော့ အခမဲ့ကူညီမှာပါ။
Singapore နိုင်ငံရှိ AEC Business School တွင် Accountting and English Speaking ဘာသာရပ်များတွင် ပညာသင်ကြားလိုပါက အခမဲ့ကူညီမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ဖြစ်စေ၊ စင်ကာပူနိုင်ငံမှဖြစ်စေ တက်ရောက်နိုင်သည်။ ဆက်သွယ်မေးမြန်းနိုင်သည်။ အသေးစိတ်မရေးနိုင်သေးတာ နားလည်ပေးစေချင်ပါတယ်ဗျာ။ သိချင်ရင် ဆက်သွယ်မေးမြန်းပါ။ မေးမြန်းပါမှ ပြောပြတတ်ပါမည်။
ဆက်သွယ်ချင်ရင် schoolagent@gmail.com
နာမည်- လွင်ဦး (ခ) ဂျဲဂျယ်
ဖုန်း- +65 90756796
ပထမဆုံး TAG ရေးတာပါခင်ဗျာ
အမှားပါခဲ့ပါက ရုပ်ချောရပါစေလို၏။
အမှားမပါခဲ့ပါက ပိုပြီးချောရပါစေလို၏။
ဤမေးခွန်းများကို ချမ်းရဲ ဘာသာပြန်ထားခြင်းကို မသိမသာလေး ကွက်တိခိုးကူးထားပါကြောင်း
၁။ ဂျဲဂျယ် (တဂ်ခံရတဲ့သူ ) နဲ့ သံလွင်ဟီးရိုး (တဂ်တဲ့သူတို့) ဘယ်လိုများ ဆက်ဆံပတ်သက်လည်း မသိဘူးနော်။
ကျွန်တော်တို့ နှစ်ယောက်က blog သူငယ်ချင်းတွေပါပဲ။
၂။ သူ့အပေါ် အကို့ရဲ့ထင်မြင်ချက် ၅ ချက်လောက်ပြောပြပါလား ?
၁း လိမ်မာပြီးဇာတိကို ချစ်တဲ့ကောင်လေး
၂း သူငယ်ချင်းတွေကို ချစ်ပြီး ပျော်ပျော်နေတတ်ပုံရတယ်
၃း စာကိုလဲ ကြိုးစားချင်ယောင်ဆောင်ပုံရတယ်။
၎း အရက်တွေ ဘီယာတွေ သိပ်ကြိုက်တဲ့ပုံ မပေါ်ပါဘူး။ (ညာပေးထားတယ်နော်)
၅း ဘ၀ကို အောင်မြင်အောင်ကြိုးစားနေတဲ့ ကောင်လေးတစ်ယောက်ပေါ့။
၃။ အမှတ်တရ အဖြစ်ဆုံး အကို့အတွက် လုပ်ပေးခဲ့ဖူးတဲ့ အရာလေးများရှိလား ?
ရှိတာပေါ့ အခု ကျတော်ကိုထမဆုံး သူတဂ်တယ်လေ။
၎။ အမှတ်တရအဖြစ်ဆုံး သူပြောခဲ့တဲ့ စကား ?
ကဗျာလေးကထိတယ်ကွာ ဆင့်ကာပူရောက်ဘဝတူအချင်းချင်းမို့ကိုယ်ချင်းစာပါတယ်ဗျ ဘဝတိုက်ပွဲကို နောက်မဆုတ် အရှုံးမပေးပဲဆက်လက် တိုက်ပွဲဆင်နွှဲရမှာ ကျနော်တို့ တာဝန်ပဲလေ ပြောနေတာကြာတယ်ဗျာ အခုပဲခရီးဆုံးထိဆက်လျှောက်ကြမယ်
၅။ သူသာ အကို့ချစ်သူဖြစ်ခဲ့ရင် ဘာလုပ်မလဲ ?
ကျွမ်းထိုးခိုင်းမယ်။
၆။ အကို့ချစ်သူသာ ဖြစ်ခဲ့မယ်ဆိုရင် သူ့ဘက်က ဘာတွေ ပြုပြင်ဖို့လိုမယ်ထင်လဲ ?
ကိုဗီလိန်ပြောသလိုပဲ ယိုးဒယားအရင်သွားခိုင်းရမယ်။
၇။ သူက အကို့ရန်သူဖြစ်နေမယ်ဆိုရင်ရော ?
အခါတစ်သိန်းလောက်ကို ထိုးပစ်လိုက်မှာ မျက်စောင်းနဲ
၈။ ရန်သူဖြစ်လာနိုင်စရာအကြောင်းအရင်းကရော ?
တစ်ဝိုင်းထဲ သောက်နေရင်း ခွက်ကျော်ချလို ဒါမှမဟုတ်ရင် အမြည်းအရမ်းစားလို ပေါ့။ စတာ စိတ်ချိုးရဘူးနော်
၉။ သူ့အတွက် အကို ဆန္ဒအရှိဆုံး လုပ်ပေးချင်တာလေးများရှိလား ?
အိမ်မှာရှိတဲ့ သတင်းစာတွေ အကုန် ပေးပစ်လိုက်မှာပေါ့ ဂျဲဂျယ်တို.က ရက်ရောရင် အဲ့လို
၁၀။ သူ့အပေါ်ခြုံငုံပြီး သုံးသပ်ကြည့်ရင် ဘယ်လိုမြင်လဲ ?
သူငယ်ချင်းတွေကို ချစ်ပြီး ပျော်ပျော်နေတတ်တဲ့ ကောင်လေးတစ်ယောက်လို.
၁၁။ ( တကယ်ကို ကမ္ဘာကျော်ပုဂ္ဂိုလ်ဆိုတော့ ) အကို့အပေါ် ပတ်ဝန်းကျင်ရဲ့ထင်မြင်ချက်တွေကိုရော ဘယ်လိုမြင်လဲ ?
ကမ္ဘာကျော်ဖို. မပြောနဲ. ဗျာ ကဲပါထားပါတော့ ပတ်ဝန်းကျင် အော် ပတ်ဝန်းကျင်လား မေ့နေတာကြာပြီဗျ။ သူတို.က ဘာလုပ်ပေးနိုင်လို.လဲ ဒါပါပဲဗျာ တော်သင့်ပြီထင်တယ်
၁၂။ အကို ကိုယ့်ကိုယ်ကို ကျေနပ်မိတဲ့ အကို့ရဲ့ characteristic လေးပြောပြပါလား ?
တစ်ယောက်တည်း ငြိမ်ငြိမ်လေးနေတတ်တယ်။ သီချင်းတွေနားထောင်ပြီး ကဗျာသေးသေးလေးတွေ ရေးနေရရင်ကျေနပ်တယ်။
၁၃။ ဒါဆို ကိုယ့်ကိုယ်ကို အမုန်းဆုံး characteristic လေးကရော ?
ခံစားချက်လွယ်တယ်။ ဘယ်သူဘာပြောပြော ပြန်မဖြေရှင်းတတ်တာပဲ။
၁၄။ ကိုယ်အဖြစ်ချင်ဆုံး လူစားမျိုးက ဘယ်လိုလဲ?
အေးချမ်းပြီး ပျော်ရွှင်တဲ့ မိသားစုကို ပိုင်ဆိုင်တဲ့ လူတစ်ယောက်ဖြစ်ချင်တာ။
၁၅။ အကို ချစ်ခင်ဂရုစိုက်တဲ့လူတွေကို ဘာများပြောချင်ပါလဲ ?
ပိုက်ဆံပဲ အချိန်တိုင်း ရှာမနေကြပါနဲ. တစ်ချိန်မှာ မေတ္တာတွေ လိုအပ်လာတဲ့အခါ အဲ့ ပိုက်ဆံတွေက ဘာလုပ်ပေးနိုင်လဲဆိုတာ စဉ်းစားကြည့်ပါလို.
၁၆။ ဒီမေးခွန်းတွေကိုပဲ အကို့သူငယ်ချင်း ၅ယောက်ဆီရွေးပြီး ပို့ပေးပါ။
အကို့အပေါ်သူတို့ရဲ့ခံစားချက်လေးသိရတာပေါ့။
သားအလှည့်တုန်းက ကောင်းကောင်းလေးတွေရေးတယ်နော်
၁း ကိုမောင်မ
ျိုး
၃း ကိုဗီလိန်
၎း ကိုရွာသားလေးဝိုင်တီယူ
၅း မသက်ဇင်
မေး။ ။ ၃ယောက်မြောက်လူက အကိုနဲ့ ဘယ်လိုပတ်သက်လဲ ?? ( ကိုဗီလိန် )
ဖြေ။ ။ အောင်မလေးဗျာ ယောင်္ကျား အချင်းချင်းမှတော့ သူငယ်ချင်းပေါ့ဗျ ။
၁၈။ မေး။ ။ ၂ယောက်မြောက်က ယောက်ျားလား မိန်းမလား ?? (ပိကျိ )
ဖြေ။ ။ ယောင်္ကျားလို.တော့ပြောတာပဲ။ ဟုတ်မဟုတ်တော့ သူကိုယ်တိုင်ပဲသိမယ်။ :P
၁၉။ မေး။ ။ နံပါတ် ၂ ယောက်မြောက် လူနှစ်ယောက်က အတူတကွရှိနေမယ်ဆိုရင် ကောင်းပါသလား ? (ကိုဗီလိန် နဲ့ မသက်ဇင်)
ဖြေ။ ။ ခင်ဗျာ အဲ့တာတော့ သားလဲသိဖူး။
၂၀။ မေး။ ။ ၄ ယောက်မြောက်လူက ဘာတွေသင်ကြားနေပါသလဲ ? (ကိုရွာသားလေးဝိုင်တီယူ)
ဖြေ။ ။ ဟဲဟဲ ဘ၀ကြောင်းတွေ သင်ကြားနေမှာပေါ့ လောကကြီးဆီကနေလေ။
၂၁။ မေး။ ။ ၂ နဲ့ နောက်ဆုံးစကားစမြည်ပြောခဲ့တဲ့ အချိန်လေးပြောပြပါလား ? ( ပိကျိ )
ဖြေ။ ။ မနေ.ညက
၂၂။ မေး။ ။ နံပါတ် ကြိုက်တဲ့ အဆိုတော် နာမည် …..? ( မသက်ဇင် )
ဖြေ။ ။ ပိုးအိစံနေမှာပေါ့။ ဟုတ်တယ်ဟုတ် :D
၂၃။ မေး။ ။ နံပါတ် ၁ မှာ ညီအကိုမောင်နှမတွေရှိလာ ? ( ကိုမောင်မျိုး )
ဖြေ။ ။ ဟီးဟီး အဲ့တာလဲ သိဖူးဂျ မျက်နှာချိုသွေးရတာများနေပြီ
၂၄။ မေး။ ။ နံပါတ် ၁ ရဲ့ အချစ်ကိုရယူကြိုးစားဖို့ အစီအစဉ်ရှိပါသလား ? ( ကိုမောင်မျိုး )
ဖြေ။ ။ အင်း အဲ . . . ဟို . . .ဟိုလေ . . .ဟိုဟာ . . .အင်း
၂၅။ မေး။ ။ ၄ ယောက်မြောက်ကိုရော…? (ကိုရွာသားလေး ၀ိုင်တီယူ )
ဖြေ။ ။ အီး . . . အဲ . . . ကြိုးစားကြည့်ရမှာပေါ့။ :P
၂၆။ မေး။ ။ ၂ ယောက်မြောက်ကရော လူလွတ်ပဲလား ? ( ပိကျိ )
ဖြေ။ ။ ပြောတာတော့ နေ.လေးဆိုလား၊ ညလေးဆိုလား မသိပါဘူး။ လူလွတ်လို. ထင်တာပဲ။
၂၇။ မေး။ ။ ၁ နံပါတ် ရဲ့ နာမည်အရင်းကိုသိပါသလား ? ( ကိုမောင်မျိုး )
ဖြေ။ ။ဟိဟိ ဒါလဲ သိပြန်ဘူး။
၂၈။ မေး။ ။ ၄ ယောက်မြောက်ရဲ့ ၀ါသနာကဘာပါလဲ ? ( ကိုရွာသားလေးဝိုင်တီယူ)
ဖြေ။ ။ စာဖတ်ခြင်း၊ စာရေးခြင်း ( blog ရေးခြင်း ) ၊ ရုပ်ရှင်ကြည့်ခြင်း။
၂၉။ မေး။ ။ ၁ နဲ့ ၂ ယောက်မြောက် နှစ်ယောက်ကြားအခြေအနေ ? (ကိုမောင်မျိုးနဲ.ပိကျိ )
ဖြေ။ ။ gtalk မှာ ပြောမနာဆိုမနာတွေပေါ့ ။
၃၀။ မေး။ ။ ၁ ယောက်မြောက်သူငယ်ချင်းက ဘယ်မှာစာသင်ကြားနေပါလဲ ? ( ကိုမောင်မျိုး )
ဖြေ။ ။ ထိုင်းမှာ ထိုင်းစကားတွေ သင်နေတယ်။ သိဘူးရမ်းပြောတာ။ မှန်လိုမှန်ညားပေါ့။
၃၁။ မေး။ ။ ၄ ယောက်မြောက်သူငယ်ချင်းအကြောင်းလေး တောက်တိုမယ်ရပြောပြပါလား ? ( ကိုရွာသားလေး ၀ိုင်တီယူ )
ဖြေ။ ။ အော် ကျွန်တော်ကို blog လုပ်နီး လမ်းညွှန်ပေးပြီး လက်ဖက်သုတ်လဲသုတ်ကျွေးတယ်ဗျ။
၃၂။ မေး။ ။ ၁ နံပါတ် အပေါ်ခံစားချက် များများထားဖို့ ကြိုးစားခဲ့ဖူးလား ? ( ကိုမောင်မျိုး )
ဖြေ။ ။ မောင်မျိုးရေ သတိသာထားတော့၊ ဓာတ်ပုံကိုလဲ မြင်ဖူးပြီးသွားပြီနော်။
၃၃။ မေး။ ။ ၂ ယောက်မြောက်သူငယ်ချင်းက ဘယ်မှာနေတာတုန်း ? ( ပိကျိ)
ဖြေ။ ။ internet ဆိုင်ထဲမှာ ပြီးတော့ online ပေါ်မှာ အော်မေ့လို. အိန္ဒယမှာဆိုလားပဲ ကောလဟာလလားတော့ မသိဘူး။ :)
၎။ မေး။ ။ ၃ ယောက်မြောက်သူငယ်ချင်းက ဘာအရောင်ကြိုက်သလဲ ? ( ကိုဗီလိန် )
ဖြေ။ ။ သိဘူး။ သေချာတာကတော့ အရောင်တစ်မျိုးကနေ အများကြီးဖြစ်နိုင်တယ်။
၃၅။ မေး။ ။ ၅ နဲ့ ၂ နဲ့ က သူငယ်ချင်းကောင်းတွေပဲလား ? ( မသက်ဇင် နဲ့ ပိကျိ )
ဖြေ။ ။ ဟုတ်ရင် ဟုတ်တယ်လို.မှတ် မဟုတ်ရင် မဟုတ်ဘူးလို.မှတ်။
၃၆။ မေး။ ။ ၁ မှာ အိမ်မွေးတိရိစ္ဆာန်ရှိလား။ ( ကိုမောင်မျိုး )
ဖြေ။ ။ ကြောင်တစ်ကောင်ကတော့ ရှိမှာသေချာတယ်။ စိတ်ချိုးတဲ့နှော်
၃၇။ မေး။ ။ ၂ က စွဲဆောင်မှုအရှိဆုံး sexiest person လား ? (ပိကျိ )
ဖြေ။ ။ ဟုတ်တယ် ဟုတ်တယ်။ လုံးဝဟုတ်တယ်။ ၀ ၀ ကစ်ကစ်လေး ပြောရင်းနဲ.တောင် ဟင်းဟင်း :)
ပိုက်ဆံ
Posted by On October - 22 - 2008 4 COMMENTS Subscribe here
ဟုတ်တယ် . . . .
ကဗျာရေးတာ ငါ့အတွက်တော့
အလုပ်ကြီးအကိုင်ကြီးပဲ။
နင်လို. တစ်နေ.ကို သိန်းဂဏန်းမရှာနိုင်တဲ့
ငါ့အတွက်တော့ စိတ်ထွက်ပေါက်က
ကဗျာရေးတာပဲ။
အလုပ်မရှိလို. စိတ်ဓာတ်ကျစရာ ကောင်းတာလောက်
လောကမှာ မရှိလောက်ဘူး။
ဒါပေမဲ့ တစ်ခါတစ်ခါကျတော့
အလုပ်မရှိတာ ပိုက်ဆံမရှိတာ ထက်ပိုကောင်းသွားပြန်ရော။
အေးလေ . . . . .
အလုပ်ရှိပြီး ပိုက်ဆံရှိတဲ့ စိတ်ဖိစီးမှု.နဲ.
အလုပ်မရှိပဲ ပိုက်ဆံမရှိတဲ့ စိတ်ဖိစီးမှု.က
ဘယ်ဟာပိုကောင်းလဲတော့ သေချာမှ မသိတာ။
ငါက . . . .
အလုပ်မရှိပဲ မိဘရဲ့ပိုက်ဆံရှိခဲ့ဖူးတာကိုး။
ကဲ . . . . .
အခုကြည့် ငါတို.တွေ. ပိုက်ဆံအတော်အသင့်ရှိလာတယ်။
ဘယ်မှာလဲ စိတ်ချမ်းသာမှု.
၁၀ ရှိရင် ၂၀ ဖြစ်ဖို့ ကြိုးစားရတယ်။
၂၀ ရှိတော့ နောက်ထပ် $$$$$$
ကဲ . . . . . .
အခု $$ ရှိတော့
ဘယ်မှာလဲ နွေးထွေးတဲ့ မိသားစုဘ၀ . . . . .
ငါတို. မိသားစုတွေ ပြန်မဆုံဖြစ်တာ
နှစ်တွေကြာနေပြီ။
အခု ပြန်ဆုံတော့ အဲ့ ပိုက်ဆံတွေက
ဘာလုပ်ပေးနိုင်လဲ ကုန်မှာစိုးလို.
မသုံးရက်ကြတော့ ကဲ ဘာထူးလဲ။
ပြန်မဆုံကြတာမှ အော် ဝေးနေကြလို.ပါဆိုပြီး
ဖြေတွေးလို.ရကြသေးတယ်။
ပြန်ဆုံဖြစ်ကြတော့ ပိုတောင် စိတ်ညစ်ကြရတယ်။
ကဲ အဲ့ ပိုက်ဆံဘာကောင်းလဲ။
အခုလဲ ကျတော်ကောင်မလေးကို ဒုက္ခပေးနေပြန်ပြီ။
ပိုက်ဆံ မင်းတော့လား *&^%%$#@@။
ငါဆိုတဲ့ ခပ်ပိန်းပိန်းကောင်က
သူ မလာမှန်းသိရက်နဲ့
လာများလာလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ.
မစောင့်ချင်ယောင်ဆောင်နေတာလေ။
မစောင့်နေနဲ့လို့ ပြောခဲ့တုန်းကလည်း
မစောင့်ချင်ယောင်ဆောင်ခဲ့ရတယ်။
သူကိုယ်တိုင်က မလွမ်းစေချင်တော့
မလွမ်းချင်ယောင်ဆောင်ရတာပေါ့။
သူက မချစ်နဲ့ဆိုလဲ
မချစ်ရင်ယောင်ဆောင်နေရမှာပဲ။
သူက မုန်းတယ်ဆိုတုန်းကလည်း
ဘာမှ မဖြစ်ချင်ယောင်ဆောင်ခဲ့တာပဲ။
သူကို ချစ်တယ်လို့ပြောချင်သော်ငြားလဲ
မပြောချင်ယောင်ဆောင်ခဲ့ရပေါင်းများပြီ။
နင်လည်း အိပ်တော့ဆိုတော့
အိပ်ယာထဲမှာ မိုးလင်းထိ အိပ်ချင်ယောင်ဆောင်ခဲ့ရတယ်။
ဘာပြောစရာရှိလဲ ပြောဆိုတော့
ဘာမှပြောစရာ မရှိချင်ယောင်ဆောင်ခဲ့တယ်။
သူ မသိတာတွေ ပြောပြတာကို
ဆရာကြီးမလုပ်နဲ့တဲ့ မလုပ်နဲ့ဆိုတော့လည်း
ဆရာကြီးမလုပ်ချင်ယောင်ဆောင်ရတာပေါ့။
ရုပ်ကဆိုးပါတယ်ဆိုတာကို
ချောချင်ယောင်ဆောင်ရတာလဲ မောနေပြီ။
နင် တော်တော်လည်တာပဲဆိုတော့
လည်ချင်ယောင်ဆောင်ခဲ့ရတာပေါ့။
တော်တော်ပိုတာပဲတဲ့
မပိုချင်ယောင်ဆောင်ရပြန်ရော။
နင်ပျော်ရွှင်ပါစေဆိုတော့
ပျော်ရွှင်ချင်ယောင်ဆောင်ရတာပေါ့။
နင်က အရေးကြီးလို့လားဆိုတော့
အရေးမကြီးချင်ယောင်ဆောင်ရတာပေါ့။
မတောင်းနဲ့ဆိုတော့
မလိုချင်ယောင်ဆောင်ပြန်ရော။
ကဗျာကို ရေးချင်ရဲ.သားနဲ.
. . . . . . . . . . . . . . . .။