poemtopia
poem is mylife
မှုန့်မှိုင်းပြီးငိုမယ်ထင်ရတဲ့
ဆည်းဆာလေးပေါ့
ကုန်းမြင့်တစ်ခုပေါ်မှာရှိတဲ့
ဘုရားတစ်ဆူရဲ့ အကွယ်မှာ
ပုန်းအောင်းနေတာလေ . . . . ။
နှင်းတွေဝေနေတာလား . . . . ။
ကောင်းကင်ရဲ့ မျက်ရည်ငွေ့တွေလား . . . . ။
လေရဲ့ငိုကြွေးမှုလား . . . . ။
မြေကြီးရင်ပူနေတာလား . . . . ။
ငါ . . . . .
မသိပေမဲ့ ကြည့်နေမိတယ် . . . . ။
နှင်းတွေဝေနေတဲ့ ဆောင်းညနေခင်းကို
မင်းနဲ့အတူကြည့်ချင်တယ် . . . . ။
(ကြည့်နေရင်းက)
ဝီစကီတစ်ခွက်ထဲ နစ်မျော
ရေသန့်ဘူးတစ်ဘူးနဲ့ စကားပြောခဲ့
ခွက်ထဲမှာရေခဲအဖြစ်
ငါ . . . . ကူးခတ်နေ
ပြာခွက်ထဲမှာ ပြာတွေဝေလို့ . . . . ။
  1. နန်းညီ Said,
    ရေသန့်ဘူးတစ်ဘူးနဲ့ စကားပြောခဲ့
    ခွက်ထဲမှာရေခဲအဖြစ်
    ငါ . . . . ကူးခတ်နေ
    ပြာခွက်ထဲမှာ ပြာတွေဝေလို့ . . . .
    မိုက်လှချည်လားဗျာ…
  2. a Said,
    အထီးကျန်ခြင်းမှာ ကြေကွဲနေတဲ့ ကဗျာလေးက အေးချမ်းတဲ့ ဆောင်းညမှာ ဝေဝါးလှပနေပါတယ်။
  3. ကာရံမဲ့ Said,
    နောက်ဆုံးတော့ ရီဝေရစ်မူးပြီး အိပ်ပျော်သွားတယ်မဟုတ်လား…။ ဟဲဟဲ :)
    Merry Christmas!!!!! ပါခင်ဗျာ…။
  4. jr.လွင်ဦး Said,
    ဆေးလိပ်လျှော့သောက်ပါ။ အရက်လျှော့သောက်ပါ။ :D
  5. အနမ်း Said,
    ဘာတွေလွမ်းနေလဲ???
    ခရစ်စမတ်နေ့မှာပျော်ရွှင်ပါစေ။
  6. နန်းညီ Said,
    ဘယ်ကောင်က ငါ့ယောင်ဆောင်ပြီး လာမန့်သွားတာလဲ.. ဟမ်…
    ဟေး အစ်ကိုတော်.. အပေါ်က နန်းညီက သာမီးဟုတ်ဝူး..
    (ငိုမယ်ထင်ရတဲ့ ဆည်းဆာ) ဆိုတာကို ပို့စ်ရေးချင်တယ်.. ခွင့်ပြုပါ.. ခွင့်လွှတ်ပါ.. အဲလေ.. အာဇာနည်သီချင်းနဲ့ ရောကုန်တယ်..
  7. ဏီလင်းညို Said,
    ဖိုးဂျယ်ရေ…
    ဒီကဗျာလေး ကိုကြိုက်တယ်….။
    (အိပ်မက်မှာ ညီ့ကိုတွေ့ဖူးတယ်လို့ထင်မိတယ်…)
    ခင်မင်တတ်တဲ့
    ဏီလင်းညို
Add A Comment