poemtopia

poem is mylife

အပျက်စီးများနဲ့ ငါ

Posted by ဖိုးဂျယ် On January - 16 - 2010 Subscribe here

ပျက်ဆီးခြင်းကို ဘယ်သူမှ မလွန်ဆန်နိုင်ဘူး။

ငါ့ ဖုန်းလေး သူငယ်ချင်းကြောင့် ပျက်စီးသွားတယ် . . . .
အလျော် မတောင်းဘူး . . . .

Memory card လေး ငါ့ကြောင့် ပျက်စီးသွားတယ် . . . .
ပုံတွေ တစ်ပုံမှ မရလိုက်ဘူး . . .

MP3 လေး ဘာဖြစ်မှန်း မသိပဲ ပျက်သွားပြန်တယ် . . . .
ငါ ဘာမှ မလုပ်မိဘူး . . . .

ငါ့ အလွမ်းတွေလဲ သူ(မ) မသိပဲ ပျက်စီးသွားတယ် . . . .
လွမ်းနေကြောင်း သူ(မ)ကို မပြောမိဘူး . . .

ငါ့ ဘလော့လေးလဲ သူတို့ကြောင့် ပျက်စီးသွားတယ် . . . .
ဆက်လုပ်ရန် ခက်ခဲလို့ . . . .

ငါ့ အတွေးတွေ ပျက်စီးသွားတယ် . . . .
ဖော်ထုတ်ခွင့် မရလို့ . . . .

သူငယ်ချင်းတွေနဲ့ ခင်မင်မှုတွေ ပျက်စီးသွားတယ် . . . .
အားလပ်ချိန် ကောင်းကောင်းမရပဲ တွေ့ဆုံဖို့ ခက်ခဲလို့ . . . .

ကျတော်နဲ့ သူ(မ) အချစ်တွေ ပျက်စီးသွားတယ် . . . .
ကျတော့်ရဲ့ ညံ့ဖျင်းမှုကြောင့် . . . .

ဘလော့ဂါ မောင်နှမတွေနဲ့ ရင်းနှီးမှု ပျက်စီးသွားတယ် . . . .
အွန်လိုင်းမှာ ဂိမ်းဆော့နေလို့ . . . .

  1. နေ့အိပ်မက် Said,

    စလုံးနဲ့မပေါင်းထားလို့ ပျက်ဆီးဆိုတဲ့စကားလုံးပါ ပျက်စီးနေပြီ…. :(

  2. အိုက်ခီလောက် Said,

    ပျက်အစဉ် ပြင်ခဏ လား ကဖိုးဂျယ်
    ဒါမှ မဟုတ် ပျက်အစဉ် ပြင်ခဏ ခဏ လား ဟဟ ပြောပြပါ

  3. a Said,

    ကဗျာလာဖတ်ပါတယ်။ စာဖတ်တာနည်းပြီး စာရေးလိုတဲ့mood တွေလည်း ပျက်စီးနေတယ် ထင်တယ်။

    အားပေးလျက်

  4. ဖိုးဂျယ် Said,

    ကျေးဇူး ဂျီးဒေါ်ရေ ပျက်စီးတာများသွားလို့
    ကိုခီလောက်ရေ ပျက်အစဉ် ပြင်မရပါး)
    ဟုတ်ပါတယ် A ရေ ပျက်စီးနေတာတွေများနေတယ်။ အာရုံပေါ်လာတဲ့ အချိန်ကောက်ရေးပေမဲ့ :( အဆင်မပြေမှုလေးတွေများနေလို့ပါ။ ကြိုးစားပါဦးမည်။ ဝေဖန်ပေးတာ ကျေးဇူးပါ။

  5. တောင်ပေါ်သား Said,

    ပျက်ဆီးတာတွေက များပ့ါး) အရာဝတ္ထုတွေ ပျက်ဆီးနေပေမဲ့ စိတ်ကတော့ သန့်နေတယ်ဆို ဘာမှ အားငယ်စရာမလိုဘူး ဝေးးးးးးးးးးးးး

    လေးစားလျက်
    တောင်ပေါ်သား

  6. နွေဆူးလင်္ကာ Said,

    ပျက်အစဉ် ပြင်ခဏ ဆိုတာ အစဉ်အမြဲ ပျက်နေပြီး ပြင်ရင် ခဏပဲ ခံတာကို ပြောတာ။
    ဥပမာ မြန်မာပြည်က လမ်းတွေပေါ့။

  7. အိမ် Said,

    ခဏခဏပျက်တော့ ကောင်းတာပေါ့ဗျ အသစ်သုံးရတာပေါ့ မဟုတ်ဘူးလား…။ မိဘတွေ အတွက်တော့ သနားစရာပါပဲ..အဟိဟိ

  8. MM Said,

    အားမငယ်ပါနဲ့ အသစ်သစ်တွေပေါ့..ဟုတ်ဘူးလား..။
    ဘလော့မှာတော့ စာများများရေးမှနော်..ဖိုးဂျယ်။

  9. ဇော်သိင်္ခ Said,

    ဖိုးဂျယ်လေးရေ..အပျက်အစီးတွေ များလာတဲ့ အထဲမှာ စိတ်ဓာတ်ပျက်စရာ တွေ ပေါ်လာတာဟ အဆိုးဆုံးပဲနော.်.
    အခု တို့ရေးနေတဲ့ ဘလော့လေးတွေလည်း သူတို့(တော်တော် ပျက်စီးနေတဲ့သူတွေ) လုပ်တာနဲ့ ရေးရမှာ တောင် တော်တော် စိတ်ပျက်လာပြီနော်..:)

  10. အိဖူး Said,

    အနိစ္စ ဒုက္ခပေါ့လေ… ခွိခွိ

  11. မီးလေးဇာ Said,

    တူဂျယ်ရေ ဂိမ်းသိပ်မဆော့နဲ့ပေါ့ကွယ် ………
    ခဏခဏပျက်တော့ အသစ်တွေခဏခဏရတာပေါ့း)

  12. zox Said,

    မောင်ဖိုးဂျယ်ရေ… နေကောင်းပါရဲ့ကွာ။ ခရီးထွက်နေတာ ဒီနေ့မှ ပြန်ရောက်တယ်ဟေ့။
    အားလုံးပျက်စီးရမှာပဲဆိုတာ အားလုံးသိအောင် ထပ်ပြောပါဦးကွာ။

  13. သိ င်္ဂါ ရ Said,

    အနိစ္စ လို့ ကျွန်တော် ပြောရင် တရားသဘောတွေ သိပ်ရှိတယ် လို့တော့ မထင်ပါနဲ့နော် …။

    ပျက်စီးသွားသမျှက အသစ်ရဖို့လို့ပဲ ပေါ့ပေါ့ပါးပါး ပြောခဲ့ရင် ကောင်းမလား …။

    sorry ပါ ။ စဉ်းစားနေတုန်း Post Button မှာ Click လုပ်လိုက်မိတယ် :)

Add A Comment